Tuesday, September 15, 2009

Maid လျှောက်မယ်ဆိုရင်

Maid Pass ( Foreign Domestic Worker) လျှောက်ကြမည့်သူများအတွက် ကျမ သိသမျှလေးတွေကိုဝေမျှပေးလိုက်ပါတယ်နော်။ ပထမဆုံး ကိုယ့်အိမ်မှာ လာပြီးနေမည့်သူက အနည်းဆုံး ၈ နှစ်တော့ကျောင်း နေဖူးရပါမယ်။ အနည်းဆုံး၁၀တန်းပေါ့ အောင်ရင်တော့ပို ကောင်းတာပေါ့။ တကယ်လို့ကိုယ်ခေါ်မည့်သူက ထက်မြက်တယ်ဆိုရင်တော့ ရှစ် တန်းလောက်ဆိုရင်လည်းရပါတယ်နော်။ ကျမအိမ်မှာ ခေါ်ထားတာက တော့ အညာကပါပဲ ကျမနဲ့တော့ ဒေသမတူပါဘူး။

Foreign Domestic Worker လျှောက်မယ်ဆိုတော့ အရင်ဆုံး www.mom.gov.sg သိသင့်သိထိုက်တာတွေသွားဖတ်ပါတယ်။ပြီးတော့ အိမ်ရှင်တွေ ဖြေရမည့် စာမေးပွဲ ပုံစံလေးဖြေရပါတယ် SG Polyမှာသွားဖြေရင်လည်းရပါတယ်နော်။ Fees ကတော့ ၁၅ဒေါ်လာပေးရပါတယ်( အပြောင်းအလဲရှိနိုင်ပါသည်) ကျမကတော့ Online မှာပဲဖြေလိုက်တယ် ။ အချိန်တော့ပေးရပါတယ် မပြီးသေးပဲနဲ့ ရပ်လိုက်ရင် အစကပြန်ဖြေရပါတယ်။ အဲဒါဖြေဖို့အတွက် mom website မှာ လျှောက်ရပါမယ် နောက်နေ့ကြတော့ momက link လေးတခုမေးပို့ပေးပါ မယ် အဲဒီ link လေးကို Sing Pass ကိုသုံးပြီးဝင်ဖြေရပါမယ်။ လွယ်လွယ်လေးတွေပါပဲ ............
ဒါပေမဲ့ အချိန်ပေးရပါမယ်။ ပြီးပြီဆိုရင်တော့ Certificate ရပါပြီ။ အဲဒါပြီးပြီဆိုရင်တော့ mom website မှာဝင်ပြီး Work Permit ( FDW) လျှောက်ရုံပါပဲ။ တဆင့်ပြီးတဆင့်လျှောက်လိုက်ပါ။

အကြံပေးချင်တာက Work Permit မလျှောက်ခင် ကိုယ်ခေါ်မည့်သူကို ဝင်ခွင့်စာမေးပွဲ နမူနာ မေးခွန်းတွေကို mom website မှာပဲဝင်ပြီး Download လုပ်ပြီးပို့ထားပေးလိုက်ပါ။ မေးတာတွေက ပုံစံတူတွေပါပဲ ၊ maid လုပ်မည့်သူ တွေမှာ Singapore ကိုဝင်လာပြီး ၃ ရက်အတွင်း Entry Test, Safety Course, Medical Check Up အားလုံးပြီးရပါမယ် ဝင်ခွင့်စာမေးပွဲက တော့ ၃ ခါဖြေခွင့်ရှိပါတယ် ၃ ခါစလုံးမှာမအောင်ရင်တော့ ပြန်ရပါမယ် Safety Course ကတော့ဖြေစရာမလိုပါဘူး ။ အဲဒါတွေမဖြေခင် ကြိုပြီး ဖုန်းနဲ့ဘွတ်ကင်လုပ်ရပါတယ် Safety Course, ကတော့မြန်မာဘာသာရွေးလို့ရပါတယ် ။ Entry Test, ကတော့ အီးလိုပဲဖြေရပါတယ်...

မဖြေခင် ကိုယ့်ဖတ်က Work Permit Approved စာ အဆင်သင့်ဖြစ်နေရပါမယ်။ Work Permit မလျှောက်ခင် Insurance အရင်ဝယ်ရပါမယ်။ ဒေါ်လာ ၁၆၀လောက်ကျပါမယ် ( ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါတယ်) Insurance က ၂ နှစ်ပါ ...တကယ်လို့ ဝင်ခွင့်စာမေးပွဲကျရင်တော့ ပြန်ပေးပါတယ်။ အဲဒါဆိုရင်တော့ပြီးပါပြီ။ Levy ကတော့ တစ်လကိုဒေါ်လာ၂၆၅ ပါ။

ကျမခေါ်ထားတဲ့ ကောင်မလေးက အညာကဆိုတော့ အီးမရပါဘူး ဝင်ခွင့်စာမေးပွဲ ၃ခါစလုံးကျပါတယ် ဒါနဲ့MOM သွားပြီး အသနားခံစာတင်ပါတယ်.. Reject ထိပါတယ်...
( ကျမအသိတစ်ယောက် ကတော့ရပါတယ်။ သူ့လို ကံကောင်း မလားလို့လုပ်ကြည့်တာ)
ဒါနဲ့ ကောင်မလေးကိုတစ်ပတ်အတွင်း ပြန်ပို့လိုက်ရပါတယ်။ ကျမလည်း အလုပ်တဖက်နဲ့ ဆိုတော့ လူအပိုက မရှိမဖြစ် လိုအပ်တာ ကြောင့် ဝင်ခွင့်စာမေးပွဲ မဖြေရတဲ့ စလုံး ပွဲစားနဲ့ပဲ ဆက်သွယ်လိုက်ရပါတယ်။ ပွဲစာခ ကတော့ ဒေါ်လာ ၈၀၀ ကျော်လောက်ကျပါတယ်။ ပွဲစားကတော့ အကုန်လုံးလုပ်ပေးပါတယ်။
(ပေးမှာပေါ့ ပိုက်ပိုက် ပေးထာ:တာကို)
စလုံးမှာလည်း ကိုယ့်ဆီ မှာလို အောက်လမ်းရှိတယ်နော်။
ကျမသိသမျှပါ…….. အပြောင်းအလဲ ရှိနိုင်ပါတယ်……

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

2 comments:

ရွက်လွင့်ခြင်း said...

မှတ်သားစရာပါပဲ
တန်ဖိုးရှိပါတယ်
ကျေးဇူးတင်ပါတယ်ဗျာ

Myanmar Good Knowledg Co., Ltd said...

စင်္ကာပူမှာ အဲလိုလား၊ အခုမှသေချာသိရတယ်။