Monday, September 14, 2009

အဟုတ်ကိုပန်းမြိုင်လယ်

ကျမဘကြီးငယ်ငယ်က အဖြစ်အပျက် တစ်ခုပြောပြရအုန်းမယ်။ ဘကြီးနာမည်က ဦးအောင်မောင်းတဲ့၊ ရွာ့ ချဉ်ဖတ်ပေါ့။ ရွာထဲမှာ ကိုယ့်အိမ်ကိုယ့်ဝင်း လုံအောင်ကာရတာကလည်း သူခိုး ဂျပိုး ကြောက်လို့မဟုတ်ဘူး။ အောင်မောင်းတို့ အုပ်စုကိုကြောက်လို့။အောင်းမောင်းတို့အုပ်စုမှာကလူ၅ယောက်...........။
အဲဒီတုန်းက ကျမဘကြီးကရှိလှမှ အသက် ၁၃၊ ၁၄တဲ့ (ခရေညို့ အဘွား ပြောပြတာပါ) ။ ဘယ်အိမ်က ကြက်ပျောက်လို့ ဟေ့ဆိုရင် အောင်မောင်းတို့ အုပ်စုလက်ချက်ပဲ။

ဘယ်အိမ်ကဘာသီး ပျောက်ပျောက် ဘယ်သူ့မှမေးစရာမလိုဘူး အောင်မောင်းတို့ လက်ချက်ဆိုတာ အားလုံးက အတပ်သိပဲ။ သူတို့ အုပ်စုက ဟုတ်လိုတော့ ဘယ်တော့မှမငြင်းဘူး ဝန်ခံပြီးသားပဲ။ သူတို့ မိဘတွေကလည်းလျော်နိုင်ကြတယ်လေ။သူတို့ကလည်း အဖိုးတန်တာတွေတော့ ဘယ်တော့မှ မခိုးဘူးတဲ့။ အပျော်လောက်သာလုပ်ကြတာ။ ဒါပေမဲ့ ရွာဦးဘုန်းကြီး ဦးသောဘိတ ဆိုရင်တော့ မီးသေပြီးသားပဲ။
အဲ ရွာထဲမှာ ဦးဘထွားဆိုတဲ့လူကြီး တစ်ယောက်ရှိတယ်။ ဦးဘထွားဆိုတဲ့လူကလည်း လူပုစိတ်တို လူပျိုကြီး (သူ့ကွယ်ရာမှာတော့ သူ့ကိုလူပြို ကြီးလို့ ဘကြီးအောင်မောင်း တို့အုပ်ကခေါ်ကြတယ်) ပြီးတော့သူ့ခြံက လည်းရွာထဲမှာ အကြီးဆုံးပဲ အသီးအနှံကလည်း ပေါမှပေါ။ အောင်မောင်းတို့ အုပ်စုကလည်း သူ့ခြံကြီးကို မျက်စိကျနေကြတာ။ ဒါပေမဲ့ မသွားရဲကြဘူး မသွားရဲဆိုသူက လည်း ကြုံးဝါးထားတယ် လာခိုးတဲ့သူတော့ ရွာဦးဘုန်းကြီး နဲ့အတိုင်ပဲတဲ့။ အဲဒီတော့ဦးဘထွားကို အောင်မောင်းတို့ အုပ်စုက လန့်တာပေါ့။ ဒါပေမဲ့သူတို့ အုပ်စုကတော့ ဦးဘထွား ခြံထဲဝင်ရမဲ့အခွင့်အရေး ရဖို့ အမျိုးမျိုးကြိုးစာနေကြတာပေါ့။

တခြားအိမ်တွေက သူတို့မိဘတွေနဲ့ ငွေရေး ကျေးရေး မကင်းရာမကင်းကြောင်း တွေဆိုတော့ သူတို့မိဘတွေက နဲနဲပါးပါး စကားလေးဘာလေသွားပြောရင် ပြေလည်သွားတားချည်းပဲ။ ဒီတော့ သူတို့ကလည်း လွယ်တဲ့အိမ်တွေကို သွားသွားခိုးစားရတာ အရသာမရှိ ဘူးလို့ထင်လာကြပြီ။ အဲဒီတော့ ဦးဘထွားခြံကို ချောင်းနေကြတော့တာပေါ့။ တစ်နေ့ ဦးဘထွားရဲ့ ယောက်ဖ နေမကောင်းလို့ဆိုပြီး တဖက်ရွာကိုသွားတယ်။ တစ်ညအိပ် ကြာမှာလို့သတင်းလွင့်ထားတယ်။ အောင်မောင်းတို့ ကလည်း ရတဲ့အခွင်အရေးကို လက်လွတ် မခံချင်ကြဘူး။ ဒါပေမဲ့ ဦးဘထွားက အဲဒိလိုအမြဲလုပ်နေကြ တစ်ညအိပ်ဆိုပြီး နေမဝင်ခင် ပြန်ချင်ပြန်လာတတ်တာ။ သူ့ခြံမှာကလည်းသူတစ်ယောက်ထဲ နေတာ။ အဲဒီတော့အောင်မောင်းတို့က သူပြန်လာမလာ သိရအောင် သူခြံအနီးအနား မှာစောင့်ကြည့်နေကြတာပေါ့။ ညထိပြန်မလာဘူးတဲ့။ ဒါနဲ့သူ့ခြံကိုဝင်ပြီး အသီးခူးဖို့သဘောတူကြတယ် ။

ဒါပေမဲ့ ဦးဘထွားကြီး သိပ်အကင်းပါးတာ တော်ကြာသူတို့ အားလုံး ခြံထဲဝင်ပြီးကာမ ဦးဘထွားပြန်လာပြီး မိသွားမှာကိုလည်း ကြောက်ကြတယ် အဲဒီတော့ တစ်ယောက်ကို အစောင့်အဖြစ်ခြံဝမှာထားခဲ့ ကြတယ်။ အစောင့်လုပ်တဲ့သူက ဦးဘထွားပြန်လာရင် " ပန်းမြိုင်လယ်" လို့ဆိုပြီးအချက်ပေးရမယ်ပေါ့။ ဒါနဲ့ အောင်းမောင်းတို့ လေး ယောက်ကဝင်သွားပြီး တစ်ယောက်ကခြံဝက အပင်ပေါ် မှာပေါ့။ အစောင့်လုပ်တဲသူက လည်း ဦးဘထွားပြန်လာမှာကိုခပ်ကြောက်ကြောက်ရယ်။ ဒါနဲ့ အစောင့်လုပ်တဲ့သူက ဒီကောင်တွေ ဘယ်လောက်သတိ ရှိလည်း ဆိုတာ အစမ်း သဘောနဲ့
" ပန်းမြိုင်လယ် ပန်းမြိုင်လယ်" လို့
ဆိုလိုက်တော့ ခြံထဲက လေး ယောက်သား ပြေးထွက်လာကြတာပေါ့။
အဲဒါနဲ့ အစောင့်လုပ်တဲ့သူက အစမ်း လုပ်ကြည့်တာလိုပြောလိုက်တယ် အောင်မောင်းတို့လည်း ခြံထဲပြန်ဝင်ကြတာပေါ့။

နောက်တော့ သစ်ပင်ပေါ်က အစောင့်က ဦးဘထွားကြီး ပြန်လာတာကိုမြင်ပါလေရော ဒါနဲ့ သူလည်း
" ပန်းမြိုင်လယ် ပန်းမြိုင်လယ်" လို့ဆိုတာပေါ့
ဒါပေမဲ့ အောင်မောင်းတို့က သူတို့တွေကိုစပြန်ပြီ ထင်ပြီး မလာကြဘူး။ ဦးဘထွားကလည်း သူ့ခြံနဲ့ နီးသတဲ့နီးလာပြီ ဒါနဲ့အ စောင့်လုပ်တဲ့သစ်ပင်ပေါ်ကလူ ထပ်ဆိုပြန်တယ်။
" ပန်းမြိုင်လယ် ပန်းမြိုင်လယ်" ဒါလည်းထွက်မလာကြဘူး ။
နောက်ထပ် "ပန်းမြိုင်လယ် ပန်းမြိုင်လယ် "လို့ဆိုပြန်ရော.......
ဒီတခါလည်းထွက်မလာကြဘူး အစောင့်လုပ်တဲ့သူကလည်းကြောက်လှပြီ။

"ပန်းမြိုင်လယ် အဟုတ်ကိုပန်းမြိုင်လယ် တကယ်.ကိုပန်းမြိုင်လယ်"
အဲဒါတောင် စတယ်ထင်ပြီး ထွက်မလာကြတာ ဦးဘထွား က မိသွားပါရော..............

ခင်မင်စွာဖြင့်
အညာမှ

ခရေညို

5 comments:

ရွက်လွင့်ခြင်း said...

ပန်းမြိုင်လည်း ရေးလို့  တကယ်ကို ပန်းနေဦးမယ်နော်
း)
အစားအသောက်လည်း သတိထားပေါ့
နေကောင်းသွားပြီလား

ကိုလူထွေး said...

အဟားဟားဟား...

အဲဒါပေါ့... ကျား..ကျား...လို့ ခဏခဏအော်တဲ့ သိုးကျောင်းသားလို...

းဝ)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ...

ပန်းမြိုင်လယ်..ပန်းမြိုင်လယ် လို့ အော်ရင်း ဟစ်ရင်း..

လည်လည်ရောက်ရှိပါကြောင်း..

အဟုတ်ကို ပန်းမြိုင်လယ်..တကယ့်ကို ပန်းမြိုင်လယ်..ပါ..


ခင်မင်စွာဖြင့်
ကိုမျိုး

မိုးစက်အိမ် said...

တကယ်ကို ပန်းမြိုင်လည် အဟုတ်ဆို တာတောင်
ထွက်မလာကြတော.ဘူးပေါ. ... ပွဲကတော.ကောင်း
သွားတာပေါ. သေချာတယ် ဆရာတော်ကြိမ်ဒဏ်ပဲ :)

ဂေါက်သီးနဲ့ရှောက်သီး said...

ဟားဟား..ကောင်းရော..တကယ်ကို ပန်းမြိုင်လည်ဖြစ်သွားကြတာပေါ့ဗျာ :)