Thursday, September 17, 2009

ငိုချင်တယ်

ကျမရုံး ကွန်ပြူတာကအော်တို ပိတ်သွားတာ မနေ့က(17/09/09) ကနေ ဒီနေ့ (18/09/09) အထိပ။ဲ ပြန်ဖွင့်လို့ကိုမရဘူး။ အခုလေးတင်ပဲ (18/09/09 ......1.00pm)သူဌေးကွန်ပြူတာအသစ်ကိုတပ်ဆင်ပေးပါတယ်။ ဒါပေမဲ့ ၂၀၀၉ တစ်နှစ်လုံး လုပ်ထားတဲ့ ဟာတွေအကုန်လုံးပါသွားပြီ..............

ဟီဟီး တကယ်ကိုငိုချင်တယ် သိလား??????????????
အခုတော့ အိုင်တီ သမားကကျမရဲ့ ကွန်ပြူတာ အဟောင်းလေးပြင်နေလေရဲ့ ကျမရဲ့Deta တွေပြန်ရမရဆိုတာမသေခြာသေးဘူး ..................

အခုလက်တလောပြီး ပြီး သား အရေးကြီးတဲ့ဟာတွေကိုတော့ပြန်လုပ်နေရတယ်။ ဒါကြောင့် သူငယ်ချင်းအိမ်တွေကိုတောင် အလယ်မသွားနိုင်သေးဘူး။ အရမ်းကိုအလုပ်ရှုပ်နေလို့ ဘလောက်ကလေးကို ပြစ်ထားလိုက်ရတယ်။ အခုတော့ နည်းနည်းအားသွားပါပြီ။ ပြီးတော့မပြီးသေးပါဘူး။ ကျမကကွန်ပြူတာဘာဖြစ်တယ်ဆိုတာနားမလည်တော့ ဘာမှမလုပ်တတ်ဘူး( ကြုံတုန်းကြွားတာ )။

အခုတော့ ကျမရဲ့ ကွန်ပြူတာအဟောင်းလေး ပြန်ပြင်လို့ရပါစေလို့ ဆုတောင်းနေရတယ်။ မရလို့ကတော့ သေပြီဆရာ ။ ( စိုင်းစိုင်းခမ်းလှိုင် သီချင်းမဟုတ်ပါ)

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

6 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ..

ငိုချင်တယ် ဆိုလို့ ဘာများလဲလို့..

ဖြစ်ရမယ် ခရေ တို့ကတော့... အရင်တခါလဲ လူက ၂ ရက် MC ယူလိုက်ရတယ်...

အခုလဲ ကွန်ပြူတာက MC ယူထားတယ်..


ခင်မင်စွာဖြင့်...

ရွက်လွင့်ခြင်း said...

အကောင်းဆုံးက backup ထားထားပေါ့ဗျာ
စက်ပစ္စည်းဆိုတာ အစိုးရတာမဟုတ်ဘူး
ကျွန်တော်လည်း တခါခံဖူးပြီးကတည်းက တော်တော်လေးကို အသိတရားရသွားတယ်

Anonymous said...

အဲဒါ အမအမှားပဲ ကျနော်ဆိုရင် အိပ်စတာနယ်ဟတ်ဒဟ်မှာပဲ အကုန်သိမ်းတာ။ သီချင်း၊ ဗီဒီယို၊ဓာတ်ပုံ၊ အရေးကြီးတဲ့ စာတွေ၊ အီးဘွတ်တွေ၊အကုန်လုံးကို စက်ထဲမထားဘူး။ ပြီးတော့ ဘယ်သွားသွား စက်တခုလုံး သယ်စရာမလိုဘူး၊ အဲဒီ အိပ်စတာနယ်ဟတ်ဒစ်လေး ကိုယူသွားယုံပဲ။ မမ်မိုရီကဒ်လဲ အသုံးဝင်တာပါပဲ ဒါပေမဲ့ စိတ်မချရသလို၊ ဟတ်ဒစ် စပေ့လဲနဲတယ်

ATN said...

ံHard Disk damage မဟုတ်ရင် အားလုံး ပြန်ရနိုင်ပါတယ်။
ံHard Dsik Damage ဆိုရင်တော့ လွယ်မယ် မထင်ဘူး။
အကောင်းဆုံးကတော့ ဘက်ကပ် လုပ်ထားတာ အကောင်းဆုံးပဲလေ။

ကိုလူထွေး said...

စိတ်မပူပါနဲ့ ညီမညိုရဲ့

ကိုလူထွေးရဲ့ စက်လဲ အဲလိုနည်းနဲ့ ပျက်သွားဖူးတယ်...

စိတ်ကိုအေးအေးထား... အသက်ကို ဝဝရှုထုပ်...

သေချာပါတယ် Hard Disk Damage ပါ...

း´(

မိုးစက်အိမ် said...

ဘာဖြစ်လည်း အနားရတာပေါ. :P ဟုတ်ဘူးလား :D